နိုဝင်ဘာ ၄၊RP (ရာပြည့်အောင်)
မြန်မာစစ်တပ်ကိုစားစရာကုန်ပစ္စည်းရောင်းချခဲ့တဲ့အတွက်ရခိုင်တပ်တော်အေအေကခြိမ်း
ခြောက်ခဲ့ကြောင်းသတင်းရရှိသည်။
ဘူးသီးတောင်မြို့နယ်၊အမှတ် (၁၁)နယ်မြေ၊ညောင်ချောင်းနယ်ခြားစောင့်စခန်းမှနယ်ခြားစောင့်များနှင့်နယ်မြေလုံခြုံရေးပေးနေတဲ့စစ်တပ်ကတစ်ပတ်တစ်ကြိမ်စီညောင်ချောင်းစျေးတွင်းသို့လက်နက်အပြည့်စုံဖြင့်လာပြီးစားစရာကုန်ပစ္စည်းတွေဝယ်ယူနေကြတယ်။အဲလိုဝယ်ယူနေကြတဲ့အပေါ်မှာဆိုင်တွေကရခိုင်တပ်တော်အေအေ၏ခြိမ်းခြောက်ခံနေရသည်ဟုသိရသည်။
စျေးဆိုင်ရှင်တွေကသူတို့ကိုမရောင်းလို့မရဘူး။ဆိုင်ပိတ်ထားယင်လည်းဆိုင်ရှင်တွေလမ်းခေါ်ပြီးချက်ချင်းဆိုင်ဖွင့်ပစ္စည်းတွေရောင်းချရတယ်။စျေးနေ့တိုင်းမှာအများပြည်သူလာပြီးစျေးပြုနေကြတယ်။အဲဒါကြောင့်အများပြည်သူကိုမှီခီုပြီးစျေးနေ့တိုင်းမှာဆိုင်ဖွင့်ပြီးပုံမှန်ရောင်းရတယ်။စစ်တပ်ကိုရောင်းချဖို့အတွက်တော့မဟုတ်ဘူး။သူတို့လာဝယ်ယူနေကြတာပဲ။လက်နက်ကိုင်တွေကိုမရောင်းလို့မရဘူး။စျေးထဲမှာကဆိုင်ပိတ်လို့တောင်မရဘူး။ကျွန်တော်တို့မိသားစုကိုဘယ်လိုလုပ်ပြီးထိန်းသိမ်းမလဲ။အဲစီးပွားရေးနဲ့မိသားစုကိုကျွေးမွေးနေတာဖြစ်တယ်။ဘယ်လက်နက်ကိုင်မဆိုသူတို့လာတောင်းဆိုတာကိုလုပ်ပေးရတယ်။ကျွန်တော်တို့ကအရပ်သားပြည်သူပါပဲ၊လုပ်မပေးယင်နှိပ်စက်ခံရမည်၊မတရားဖမ်းဆီးခံရမည်။အခုအချိန်မှာကျွန်တော်တို့ကိုအေအေကလည်းလာကယ်လို့မရသလိုစစ်တပ်ကလည်းလာကယ်လို့မရဘူး။အဲဒါကြောင့်နှစ်ဖက်တောင်းဆိုတာကိုလုပ်ပေးပြီးအဆင်ပြေအောင်နေစေချင်တယ်လို့ အမည်မဖော်လိုတဲ့ညောင်ချောင်းစျေးတွင်းကုန်သည်တစ်ဦးမှ RP သို့ပြောကြားခဲ့သည်။
ဆိုင်ရှင်တွေကိုဒီလိုမျိုးခြိမ်းခြောက်ယင်ကျွန်
တော်တို့မှာစျေးကိုပိတ်ထားဖို့လမ်းပဲရှိတာပါ။
အများပြည်သူစျေးပြုနေတဲ့စျေးဖြစ်တဲ့အတွက်ပိတ်လို့လဲ့မရဘူး။ဆိုင်ရှင်တွေကသူတို့ခေါ်ရောင်းတာမဟုတ်ဘူး။သူတို့ကိုယ်တိုင်လက်နက်အပြည့်စုံနဲ့လာဝယ်ယူရာမှာဒီလိုမျိုးခြိမ်းခြောက်ခံနေရတယ်ဆိုတော့မဖြစ်သင့်တဲ့ကိစ္စလို့ ညောင်ချောင်းစျေးခေါင်းအဖွဲ့ဝင်တစ်ဦးမှပြောကြားခဲ့သည်။
- RP Burmese
No comments:
Post a Comment