Friday, 4 November 2022

ကျောက်တော်မြို့နယ်တွင် လက်နက်ကြီးကျည်ထိမှန်ပြီးရိုဟင်ဂျာ ဒါဇင်နီးပါး ဒဏ်ရာရရှိ

နိုဝင်ဘာ ၄ ၊RP (Tun Tun Kyaw)

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်တွင်စစ်ကောင်စီပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကျည်ဆံထိမှန်ပြီးရိုဟင်ဂျာ ၇ ဦးဒဏ်ရာရရှိခဲ့သည်ဟုသတင်းရရှိသည်။ဒဏ်ရာရှိသူ ၇ ဦးအနက် ၃ သုံးဦး၏ဒဏ်ရာပြင်ထန်ခဲ့တယ်လို့သိရသည်။

ဖြစ်စဥ်မှာယနေ့ နိုဝင်ဘာ ၄ ရက် နံနက် ၁၀နါရီခန့်အချိန်တွင် ကုလားတန်မြစ်အတွင်းမှ စစ်ဇက်ရေယာဉ် ၂ စီးကို ရက္ခိုင့်တပ်တော်အေအေက ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ၎င်းတိုက်ခိုက်မှုကို လက်တုံ့ပြန်ရာတွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် လူနေကျေးရွာများကို လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည်။အဲဒီပစ်ခတ်ခဲ့မှုကြောင့်ကျောက်တော်မြို့နယ်၊လက်ဆောင်ကောက်ကျေးရွာက ဆွေ​ယောဒ်အာမတ်(ဘ)ကာလာချေ၊အသက် ၂၅ နှစ်၊မိုဟာမတ်နုရ်(ဘ)ရှားကေရ်၊အသက် ၁၂ နှစ်နှင့်အုံးမတီးကျေးရွာမှဦးအဒူကူဒုစ်၏ဇနီး မာရင်ဂိစ်၊အသက် ၄၅ နှစ်နှင့်သာဂျူ(ဘ)အဒူကူဒစ်၊အသက်၁၅နှစ်၊ နုရ်ဇာမာလ် ၅၀နှစ် ရိုဟင်ဂျာ အပါဝင် ဒါဇင်နီးပါးဒဏ်ရာရှိခဲ့ကြောင်းသိရှိရသည်။အဲဒီထဲမှာပြင်းထန်စွာဒဏ်ရာရှိသူအချို့ကိုကျောက်တော်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီးဆေးကုသမှုခံယူနေသည်ဟုသိရှိရသည်။

ဓာတ်ပုံ-ကျောက်တော်မြို့နယ်တွင်လက်နက်ကြီးကျည်ဆံထိမှန်ဒဏ်ရာရရှိခဲ့သူများဖြစ်တယ်။

Source : RP Burmese

No comments:

Post a Comment